ထွက်​မြောက် 38:25-27 Common Language Bible (BCL)

25. သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-

26. ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

27. အောက်​ခံ​တစ်​ခု​လျှင်​ငွေ​ချိန်​ခု​နစ်​ဆယ့်​ငါး ပေါင်​ကျ​ဖြင့် တဲ​တော်​နှင့်​ကန့်​လန့်​ကာ​အောက် ခံ​တစ်​ရာ​အ​တွက်​ငွေ​ချိန်​ခု​နစ်​ထောင့်​ငါး ရာ​ပေါင်​ကို​အ​သုံး​ပြု​သည်။-

ထွက်​မြောက် 38