2. မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
3. သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။-
4. ထိုအခါတဲတော်ကိုဆောက်လုပ်နေကြသော အတတ်ပညာရှင်တို့သည်မောရှေထံသို့ လာ၍၊-