4. တစ်ဖန်မောရှေက ဣသရေလအမျိုးသား အပေါင်းတို့အား``သင်တို့အားထာဝရဘုရား ဤသို့မိန့်တော်မူသည်။-
5. သင်တို့သည်ထာဝရဘုရားအား အလှူဝတ္ထု ဆက်သရမည်။ ထာဝရဘုရားအားအလှူ ဝတ္ထုဆက်ကပ်လိုသူတို့သည်ရွှေ၊ ငွေ၊ ကြေးဝါ၊-
6. ပိတ်ချော၊ အပြာရောင်သိုးမွေး၊ ခရမ်းရောင် သိုးမွေး၊ အနီရောင်သိုးမွေး၊ ဆိတ်မွေးအထည်၊-
7. အနီဆိုးသောသိုးထီးသားရေ၊ သားရေ ချော၊ အကာရှသစ်သား၊-
8. မီးထွန်းရန်ဆီ၊ ဘိသိက်ဆီနှင့်နံ့သာပေါင်း အတွက်အမွှေးအကြိုင်၊-
9. ယဇ်ပုရောဟိတ်မင်း၏သင်တိုင်းနှင့်ရင်ဖုံး အဝတ်တို့တွင်စီချယ်သည့်မဟူရာကျောက် နှင့်အခြားကျောက်မျက်ရတနာများကို ယူဆောင်ခဲ့ရမည်'' ဟုဆင့်ဆို၏။
10. ``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
11. တဲတော်နှင့်အမိုးအကာ၊ တဲတော်ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် အောက်ခြေစွပ်များ၊-
12. ပဋိညာဉ်သေတ္တာတော်နှင့်ထမ်းပိုးတန်းများ၊ သေတ္တာတော်အဖုံး၊ သေတ္တာတော်ကိုကာရံ ထားသောကန့်လန့်ကာ၊-
13. စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
14. ဆီမီးခုံနှင့်ဆီမီးခုံပစ္စည်းများ၊ မီးခွက် များနှင့်မီးထွန်းရန်ဆီ၊-
15. နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
16. ယဇ်ပူဇော်ရာပလ္လင်နှင့်ကြေးဝါဆန်ခါ၊ ပလ္လင် အတွက်ထမ်းပိုးတန်းနှင့်ဆိုင်ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေ၊-
17. တဲတော်ဝင်းကန့်လန့်ကာများနှင့်တိုင်များ၊ ခြေစွပ်များ၊ ဝင်းပေါက်ကန့်လန့်ကာ၊-
18. တဲတော်အတွက်ကြက်ဆူးများ၊ တဲတော်နှင့် တဲတော်ဝင်းအတွက်ကြိုးများ၊-
19. ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားများ သန့်ရှင်းရာဌာနတော်တွင်အမှုထမ်းဆောင် စဉ်ဝတ်ဆင်ရန်၊ ထည်ဝါခန့်ညားသောအဝတ် အထည်များစသည်တို့အတွက်စီမံ ဆောင်ရွက်ရကြမည်'' ဟုဆင့်ဆိုလေ၏။
20. ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေထံမှထွက်ခွာသွားကြလေ၏။-
21. ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-
22. စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊
23. အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။-
24. ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။-