ထွက်​မြောက် 34:28-31 Common Language Bible (BCL)

28. မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။

29. မော​ရှေ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ချပ် ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ဆင်း​လာ​သော​အ​ခါ၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​စ​ကား​ပြော​ခဲ့​ရ သ​ဖြင့်​သူ​၏​မျက်​နှာ​တောက်​ပ​လျက်​ရှိ​၏။ သို့ ရာ​တွင်​သူ​ကိုယ်​တိုင်​မ​သိ။-

30. အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မော​ရှေ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို တွေ့​မြင်​ရ​သော​အ​ခါ၊ သူ​၏​အ​နား​သို့​မ​ချဉ်း ကပ်​ဝံ့​ကြ​ချေ။-

31. သို့​သော်​မော​ရှေ​က​အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို​ခေါ် သ​ဖြင့်၊ သူ​တို့​သည်​မော​ရှေ​ထံ​သို့​ချဉ်း​ကပ် လာ​ကြ​၏။ မော​ရှေ​သည်​လည်း​သူ​တို့​နှင့် စ​ကား​ပြော​လေ​၏။-

ထွက်​မြောက် 34