5. ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
6. နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
7. ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
8. သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
9. ထာဝရဘုရားက ``ဤသူတို့အလွန် ခေါင်းမာကြောင်းငါသိ၏။-
10. ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
11. သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-