1-2. ထာဝရဘုရားကမောရှေအား``ငါသည်ယုဒ အနွယ်မှဟုရ၏မြေး၊ ဥရိ၏သားဖြစ်သူ ဗေဇလေလကိုရွေးချယ်ထားပြီ။-
6. သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
7. သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
8. စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
9. မီးရှို့ရာယဇ်ပူဇော်ရာပလ္လင်နှင့်သက်ဆိုင် ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေခံ၊-
10. အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အမှုကိုဆောင်ရွက်ရာ၌ ဝတ်ဆင်ရန်၊ ထည် ဝါသောယဇ်ပုရောဟိတ်ဝတ်စုံများ၊-
11. ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။