ထွက်​မြောက် 29:17-20 Common Language Bible (BCL)

17. သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊-

18. သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။

19. ``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။-

20. သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-

ထွက်​မြောက် 29