1. ``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
10. ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
11. မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
12. တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
13. တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
14-15. အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-