35. စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။
36. ``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
37. ဤကန့်လန့်ကာချိတ်ဆွဲရန်အတွက်အကာရှ သစ်သားတိုင်ငါးတိုင်ပြုလုပ်၍၊ ရွှေချိတ်များ တပ်ထားရမည်။ တိုင်များကိုရွှေချ၍တိုင် ဖိနပ်ငါးခုကိုကြေးဝါဖြင့်ပြုလုပ်ရမည်။