ထွက်​မြောက် 26:13-17 Common Language Bible (BCL)

13. အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။

14. ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။

15. ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-

16. ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-

17. ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-

ထွက်​မြောက် 26