9. တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
10. ``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
11. သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။-
12. သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-