ထွက်​မြောက် 25:32-36 Common Language Bible (BCL)

32. ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-

33. အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-

34. ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-

35. အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-

36. ပွင့်​ဖူး​အ​လက်​နှင့်​ဆီ​မီး​ခုံ​တိုင်​တို့​ကို​ရွှေ ဖြင့်​တစ်​သား​တည်း​ထု​လုပ်​ရ​မည်။-

ထွက်​မြောက် 25