ထွက်​မြောက် 22:20-25 Common Language Bible (BCL)

20. ``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။

21. ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-

22. မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-

23. သင်​တို့​သည်​ထို​သူ​တို့​ကို​နှိပ်​စက်​သ​ဖြင့်၊ သူ​တို့​က​ငါ့​ထံ​အ​သ​နား​ခံ​လျှင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​မည်။

24. ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ကို​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​မည်။ ထို​အ​ခါ​သင်​တို့​၏​မ​ယား တို့​သည်​မု​ဆိုး​မ​ဖြစ်​၍​သင်​တို့​၏​သား​သ​မီး များ​သည်​ဘ​သက်​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။

25. ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

ထွက်​မြောက် 22