13. နောက်တစ်နေ့တွင်သူသည်ထွက်လာပြန်ရာ ဟေဗြဲအမျိုးသားနှစ်ယောက်တို့သည် အချင်း ချင်းရိုက်ပုတ်ထိုးသတ်နေကြသည်ကိုမြင် ရလေ၏။ သူကမတရားသဖြင့်ပြုကျင့်နေ သူအား``သင်သည်အဘယ်ကြောင့်ကိုယ့်အမျိုး သားချင်းကိုရိုက်နှက်နေရသနည်း'' ဟုမေး လေ၏။
14. ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
15-16. ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
17. သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။-