21. မိရိအံက၊``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကိုပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
22. ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။-
23. ထိုနောက်မာရဟုခေါ်သောအရပ်သို့ရောက် ရှိလာကြရာ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးထွက်သဖြင့်ထို အရပ်ကိုမာရဟုခေါ်တွင်လေ၏။-
24. သူတို့သည်မောရှေအား``အကျွန်ုပ်တို့ရေငတ် ၍ သေရပါတော့မည်'' ဟုညည်းညူကြ၏။-
25. မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-