တ​ရား​ဟော 8:3-9 Common Language Bible (BCL)

3. ကိုယ်​တော်​သည်​သင်​တို့​ကို​အ​စာ​ငတ်​စေ​တော် မူ​၏။ ထို့​နောက်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​စား​ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ သည်။ ဤ​နည်း​အား​ဖြင့်​လူ​သည်​အ​စား​အ​စာ ကို​သာ​မှီ​ဝဲ​၍ အ​သက်​ရှင်​ရ​သည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​မှီ​ဝဲ​၍ အ​သက်​ရှင် ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား​သွန်​သင်​တော် မူ​၏။-

4. ထို​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​သင်​တို့​၏ အဝတ်​အင်္ကျီ​များ​မ​ဟောင်း​နွမ်း​ခဲ့​ရ။ သင်​တို့ ၏​ခြေ​ထောက်​များ​လည်း​မ​ရောင်​ခဲ့​ရ။-

5. ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​များ​ကို​အ​ပြစ် ဒဏ်​ပေး​ဆုံး​မ​သ​ကဲ့​သို့ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ဆုံး​မ​သည် ကို​သိ​မှတ်​ကြ​လော့။-

6. သို့​ဖြစ်​၍​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​အ​တိုင်း​နာ​ခံ​လော့။ ပ​ညတ်​တော်​များ ကို​လိုက်​နာ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။-

7. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။-

8. ထို​ပြည်​တွင်​ဂျုံ၊ မု​ယော​စ​ပါး၊ စ​ပျစ်​သီး၊ သ​ဖန်း သီး၊ သ​လဲ​သီး၊ သံ​လွင်​သီး၊ ပျား​ရည်​စ​သည်​တို့ ပေါ​များ​သည်။-

9. ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။-

တ​ရား​ဟော 8