တ​ရား​ဟော 4:41-42-49 Common Language Bible (BCL)

5. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-

6. သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''

7. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ငါ​တို့​အ​ကူ​အ​ညီ​လို​သည့်​အ​ခါ​တိုင်း ငါ​တို့​အ​နား​တွင်​ရှိ​တော်​မူ​၏။ ဤ​ကဲ့​သို့ သော​ဘု​ရား​ကို​ကိုး​ကွယ်​သည့်​လူ​မျိုး​ကြီး ရှိ​သေး​သ​လော။-

8. ယ​နေ့​သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တော်​များ​ကဲ့​သို့ တ​ရား​မျှ​တ​သော​ပ​ညတ် များ​ကို​ရ​သော​လူ​မျိုး​ကြီး​ရှိ​သေး သ​လော။-

9. သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

41-42. ထို့​နောက်​တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​ရန်​သူ မ​ဖြစ်​ခဲ့​ဘူး​သူ​ကို​အ​မှတ်​မဲ့​သတ်​မိ​သည့် အ​ခါ ထွက်​ပြေး​ခို​လှုံ​နိုင်​သော​မြို့​သုံး​မြို့​ကို မော​ရှေ​သတ်​မှတ်​ပေး​လေ​သည်။ ထို​သူ​သည် ထို​မြို့​များ​အ​နက်​မြို့​တစ်​မြို့​သို့​ထွက်​ပြေး ၍​ခို​လှုံ​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ​မည် ဖြစ်​သည်။-

43. ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။

44. မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-

45-46. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-

47. သူ​၏​နိုင်​ငံ​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​တွင် စိုး​စံ​သော​အ​ခြား​အာ​မော​ရိ​ဘု​ရင် ဖြစ်​သည့်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​၏​နိုင်​ငံ​ကို လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။-

48. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-

49. ထို​နယ်​မြေ​တွင်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ ဒေ​သ​တစ်​ခု​လုံး​ပါ​ဝင်​၏။ ယင်း​ဒေ​သ​သည် တောင်​ဘက်​ပင်​လယ်​သေ​အ​ထိ အ​ရှေ့​ဘက် ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ​ကျယ်​ဝန်း​လေ​သည်။

တ​ရား​ဟော 4