တ​ရား​ဟော 29:7-14 Common Language Bible (BCL)

7. ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-

8. သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-

9. သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။

12. သင်​တို့​အ​ပေါင်း​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ယ​နေ့​သစ္စာ​ဆို ၍​ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​မည်။-

13. သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ရှိ​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​အ​ဖြစ်​အ​တည်​ပြု တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​မည်။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သာ ဤ ပ​ဋိ​ညာဉ်​ဤ​သစ္စာ​ကို​ပြု​တော်​မူ​သည် သာ​မ​က၊-

တ​ရား​ဟော 29