6. သင်တို့တွင်စားစရာအစာ၊ သောက်စရာ စပျစ်ရည်နှင့်သေရည်သေရက်မရှိခဲ့ ကြ။ သို့ရာတွင်ထာဝရဘုရားသည်သင် တို့၏ဘုရားသခင်ဖြစ်တော်မူကြောင်း သင်တို့အားသွန်သင်ရန်သင်တို့လိုသမျှ ကိုပေးတော်မူသည်။-
7. ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
8. သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
9. သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
12. သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-