5. ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။-
6. ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။-
7. အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-