တ​ရား​ဟော 24:20-22 Common Language Bible (BCL)

20. သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-

21. စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-

22. သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ရ ဖူး​ကြောင်း​ကို ဘယ်​သော​အ​ခါ​မျှ​မ​မေ့ ကြ​နှင့်။ ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​ဤ ပ​ညတ်​ကို​ပေး​၏။

တ​ရား​ဟော 24