တ​ရား​ဟော 21:16-20 Common Language Bible (BCL)

16. ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-

17. သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''

18. ``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-

19. မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-

20. မိ​ဘ​တို့​က`အ​ကျွန်ုပ်​တို့​၏​သား​သည်​ခေါင်း မာ​၍​မိ​ဘ​ကို​တော်​လှန်​၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​ပါ။ ငွေ​ကို​ဖြုန်း​တီး​၍​အ​ရက် သေ​စာ​သောက်​ကြူး​ပါ​သည်' ဟူ​၍​လျှောက် ဆို​ရ​မည်။-

တ​ရား​ဟော 21