11. သုံ့ပန်းများထဲမှရုပ်အဆင်းလှသောအမျိုး သမီးကိုမြင်၍ နှစ်သက်သဖြင့်လက်ထပ်ယူ လိုပေလိမ့်မည်။-
12. သူ့ကိုသင်၏အိမ်သို့ခေါ်ဆောင်၍သူ၏ဆံပင် ကိုရိတ်စေရမည်။ လက်သည်းများကိုလှီးစေ ရမည်။-
13. အဝတ်အစားများကိုလဲစေရမည်။ သူသည် သင်၏အိမ်တွင်နေထိုင်၍ သူ၏မိဘများ အတွက်တစ်လကြာမျှဝမ်းနည်းပူဆွေး စေရမည်။-
14. ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''