တ​ရား​ဟော 2:1-3 Common Language Bible (BCL)

1. ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

2. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊

3. `သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-

28-29. ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''

တ​ရား​ဟော 2