1. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားတော်မူမည့်ပြည် တွင်နေထိုင်သောလူမျိုးတို့ကို သုတ်သင်ပယ် ရှင်းပြီးနောက်သင်တို့သည်သူတို့၏မြို့များ နှင့်အိမ်များကိုသိမ်းယူနေထိုင်ကြသော အခါ၊-
2-3. ထိုပြည်ကိုသုံးပိုင်းပိုင်း၍တစ်ပိုင်းစီတွင် လွယ် ကူစွာသွားရောက်နိုင်သောမြို့တစ်မြို့ကိုရွေး ချယ်လော့။ လူတစ်စုံတစ်ယောက်ကိုသတ်မိ သောသူသည် ထိုမြို့များအနက်တစ်မြို့ မြို့သို့ပြေး၍ခိုလှုံနိုင်သည်။-
4. လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။-