27. ယနေ့ငါပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကို သင် တို့စောင့်ထိန်းလျှင်ကောင်းချီးမင်္ဂလာကိုခံ ရမည်။-
28. သို့ရာတွင်သင်တို့သည် ဤပညတ်တော်များ ကိုမစောင့်ထိန်းဘဲ သင်တို့ယခင်ကမကိုး ကွယ်ဘူးသောအခြားဘုရားများကို ကိုး ကွယ်လျှင်ကျိန်ခြင်းကိုခံရမည်။-
29. ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။-
30. (ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)