34. ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
35. ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
36. ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
37. ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
38. သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''