2. ``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
3. ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
4. စားကျက်မြေသည်မြို့ရိုးမျက်နှာလေးဘက်မှ အပြင်သို့ကိုက်ငါးရာအထိကျယ်ပြန့်စေ ရမည်။-
5. ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-