တော​လည် 33:1-3 Common Language Bible (BCL)

1. မော​ရှေ​နှင့်​အာ​ရုန်​ခေါင်း​ဆောင်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​မှ​အ​နွယ် အ​လိုက်​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။ သူ​တို့​၏ ခ​ရီး​စဉ်​ကို​ဖော်​ပြ​ပေ​အံ့။-

2. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် သူ​တို့​ရပ်​နား​ရာ​စ​ခန်း​အ​ဆင့် ဆင့်​တို့​၏​နာ​မည်​များ​ကို​မှတ်​သား​ထား လေ​သည်။

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​ထ​မ​ဦး ဆုံး​ကျင်း​ပ​သော​ပ​သ​ခါ​ပွဲ​တော်​လွန်​ပြီး နောက်​တစ်​နေ့​ဖြစ်​သော​ပ​ထ​မ​လ​တစ်​ဆယ် ငါး​ရက်​နေ့​၌ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့ ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကာ အ​ကွယ်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ရှေ့​မှောက် တွင်​ရာ​မ​သက်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​၏။-

15-37. သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။

တော​လည် 33