1. ရောဂါကပ်လွန်ပြီးနောက်ထာဝရဘုရား သည် မောရှေနှင့်အာရုန်၏သားဧလာဇာ တို့အား၊-
2. ``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
3-4. မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
5. ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊-