တော​လည် 16:41-45 Common Language Bible (BCL)

41. နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။-

42. သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-

43. ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-

44. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊

45. ``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

တော​လည် 16