27. သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။ဒါသန်နှင့်အဘိရံတို့သည်သားမယား များနှင့်အတူထွက်၍ မိမိတို့တဲဝ၌ရပ် နေကြသည်။-
28. မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
29. ဤသူတို့သည်ဘုရားသခင်ဒဏ်ခတ်သည် မဟုတ်ဘဲဋ္ဌမ္မတာအလျောက် သေဆုံးသည်ရှိ သော်ထာဝရဘုရားသည်ငါ့ကိုစေလွှတ် ခြင်းမဟုတ်ဟုသိမှတ်ကြလော့။-