တော​လည် 15:6-13 Common Language Bible (BCL)

6. သိုး​ထီး​ကို​ပူ​ဇော်​သည့်​အ​ခါ​ဘော​ဇဉ် သကာ​အ​ဖြစ် သံ​လွင်​ဆီ​သုံး​ပိုင့်​နှင့်​ရော ထား​သော​မုန့်​ညက်​လေး​ပေါင်​အ​ပြင်၊-

7. စ​ပျစ်​ရည်​သုံး​ပိုင့်​ကို​လည်း​ဆက်​သ​ရ​မည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

8. ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-

9. သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊-

10. စ​ပျစ်​ရည်​လေး​ပိုင့်​ကို​ဆက်​သ​ရ​မည်။ ဤ သကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

11. ဤ​သကာ​များ​သည် သိုး၊ နွား၊ ဆိတ်​တို့​နှင့်​ပူ​ဇော် ရ​မည့်​သကာ​များ​ဖြစ်​သည်။-

12. ယဇ်​ကောင်​တစ်​ကောင်​ထက်​ပို​၍​ပူ​ဇော်​သည့် အ​ခါ တွဲ​ဖက်​ပူ​ဇော်​ရ​မည့်​သကာ​များ​ကို လည်း​အ​ချိုး​ကျ​တိုး​မြှင့်​ပူ​ဇော်​ရ​မည်။-

13. တိုင်း​ရင်း​ဖွား​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော ရ​နံ့​အ​ဖြစ် သ​ကာ​ကို​ဆက်​သ​ရာ​၌​ထို​နည်း အ​တိုင်း​လိုက်​နာ​ရ​မည်။-

တော​လည် 15