22. ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။-
23. သင်သည်မနာလိုစိတ်မွှန်လျက်အပြစ်ဒုစရိုက် ၏အနှောင်အဖွဲ့၌ရှိနေသည်ကိုငါမြင်၏'' ဟု ဆို၏။
24. ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
25. ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။
26. ထာဝရဘုရား၏ကောင်းကင်တမန်သည် ဖိလိပ္ပုအား``သင်သည်ထ၍ယေရုရှလင် မြို့မှဂါဇမြို့သို့သွားရာလမ်းအတိုင်း တောင်အရပ်သို့သွားလော့'' ဟုဆို၏။ (ထို လမ်းကားသဲကန္တာရလမ်းဖြစ်သတည်း။)-