22. အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။
23. ပေတရုနှင့်ယောဟန်တို့သည်လွတ်မြောက်လာ ကြသောအခါ မိမိတို့၏လူစုထံသို့ပြန်ပြီး လျှင် ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်များပြောကြားလိုက်သမျှတို့ ကိုပြန်ပြောကြ၏။-
24. ထိုအကြောင်းကိုကြားကြသောအခါ ထိုသူ တို့သည်တညီတညွတ်တည်းဆုတောင်းကြ၏။ ``အစိုးရတော်မူသောအရှင်၊ ကိုယ်တော်ရှင် သည်ကောင်းကင်မြေကြီး၊ သမုဒ္ဒရာနှင့်ထို အရပ်များတွင်ရှိသမျှတို့ကိုဖန်ဆင်း တော်မူသောအရှင်ဖြစ်တော်မူပါ၏။-
25. ကိုယ်တော်ရှင်သည်မိမိ၏အစေခံ၊ အကျွန်ုပ် တို့၏ဘိုးဘေးဒါဝိဒ်မင်းမှတစ်ဆင့်သန့်ရှင်း သောဝိညာဉ်တော်အားဖြင့်၊`လူမျိုးခြားတို့သည်အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ပြုကြသနည်း။လူမျိုးတကာတို့သည်အဘယ်ကြောင့်အကျိုးမဲ့ လျှို့ဝှက်ကြံစည်ကြသနည်း။
26. လောကီဘုရင်တို့သည်ထာဝရဘုရားကို ပုန်ကန်ရန်အသင့်ပြင်ဆင်ကြ၏။ကိုယ်တော်နှင့်ကိုယ်တော်စေလွှတ်တော်မူသောမေရှိယအရှင်အားဆန့်ကျင်ဘက်ပြုရန် စုဝေးကြ၏'ဟုမိန့်တော်မူခဲ့ပါ၏။
27. ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-