တမန်တော်ဝတ္ထု 28:9-12 Common Language Bible (BCL)

9. ထို​အ​ခါ​ကျွန်း​ပေါ်​ရှိ​အ​ခြား​မ​ကျန်း​မာ သော​သူ​အ​ပေါင်း​တို့​သည်​ပေါ​လု​ထံ​သို့​လာ ကြ​၏။ ပေါ​လု​သည်​သူ​တို့​ကို​ကျန်း​မာ​စေ​၏။-

10. သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။

11. သုံး​လ​ကြာ​သော်​ကျွန်ုပ်​တို့​သည် ထို​ကျွန်း​တွင် ဆောင်း​ခို​နေ​ခဲ့​သည့်​သင်္ဘော​ဖြင့်​ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည်​အာ​လေ​ဇ​န္ဒြိ​မြို့​မှ​လာ​၍​နတ် အ​မြွှာ​ညီ​နောင်​ဟု​အ​မည်​တွင်​၏။-

12. ကျွန်ုပ်​တို့​သည်​သု​ရ​ကုတ်​မြို့​တွင်​သင်္ဘော​ဆိုက် ကပ်​၍ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-

တမန်တော်ဝတ္ထု 28