တမန်တော်ဝတ္ထု 23:16-20 Common Language Bible (BCL)

16. သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-

17. ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-

18. သို့​ဖြစ်​၍​တပ်​ခွဲ​မှူး​သည်​ထို​လူ​ငယ်​ကို​တပ်​မှူး ထံ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​နောက် ``အ​ကျဉ်း​သား ပေါ​လု​သည်​အ​ကျွန်ုပ်​ကို​ခေါ်​၍​ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​သို့​အ​ပို့​ခိုင်း​ပါ​သည်။ သူ့​မှာ​အ​ရှင့် အား​လျှောက်​ထား​ရန်​ကိစ္စ​တစ်​ခု​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။

19. တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။

20. လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-

တမန်တော်ဝတ္ထု 23