15. သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
16. သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
17. ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
18. သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။