တမန်တော်ဝတ္ထု 21:34-37 Common Language Bible (BCL)

34. လူ​ပ​ရိ​သတ်​တို့​က​သူ​တစ်​မျိုး​ငါ​တစ်​ဖုံ​ဟစ် အော်​ပြော​ဆို​ကြ​၏။ ထို​ဆူ​ညံ​သံ​များ​ကြောင့် တပ်​မှူး​သည်​အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​ရ​ကား ပေါ​လု​ကို​တပ်​စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ် ဆောင်​သွား​ရန်​အ​မိန့်​ပေး​လေ​၏။-

35. ရဲ​တိုက်​လှေ​ခါး​သို့​ရောက်​သော​အ​ခါ​လူ​ထု အ​ကြမ်း​ဖက်​မှု​ပြင်း​ထန်​လာ​သ​ဖြင့် စစ်​သား များ​သည်​ပေါ​လု​ကို​ချီ​မြှောက်​ထမ်း​သွား​ရ ကြ​၏။-

36. လူ​ပ​ရိ​သတ်​တို့​သည် ``သူ့​ကို​သတ်​ပါ'' ဟု ဟစ်​အော်​လျက်​လိုက်​ကြ​၏။

37. ပေါ​လု​သည်​မိ​မိ​အား​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင် သွား​မည်​ပြု​သော​အ​ခါ တပ်​မှူး​အား``သင်​နှင့် အ​ကျွန်ုပ်​စ​ကား​အ​နည်း​ငယ်​ပြော​ပါ​ရ​စေ'' ဟု​ဆို​၏။``သင်​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​ပြော​တတ် ပါ​သ​လော။-

တမန်တော်ဝတ္ထု 21