7. ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊-
8. လူပရိသတ်နှင့်မြို့အာဏာပိုင်များသည် ဆူညံ၍သွားကြ၏။-
9. အာဏာပိုင်တို့သည်ယာသုန်နှင့်အပေါင်းအပါ တို့အား အာမခံငွေများကိုပေးဆောင်စေပြီး နောက်ထွက်သွားခွင့်ပြုကြ၏။
10. ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။-
11. ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
12. ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။-
13. ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-