38. ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။-
39. သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။-
40. သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။