1. ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
2. သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
3. ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။-