1. အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-
2. ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
3. ထိုအခါသူတို့သည်အစာရှောင်၍ဆု တောင်းပတ္ထနာပြုပြီးလျှင် ဗာနဗနှင့်ရှောလု တို့၏ဦးခေါင်းပေါ်တွင်မိမိတို့လက်ကိုတင် ကြ၏။ ထိုနောက်သူတို့အားအမှုတော် ဆောင်ရွက်ရန်စေလွှတ်လိုက်ကြ၏။
4. ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။-
32-33. ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။-
34-35. နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊`ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်'ဟူ၍မိန့်တော်မူသည်။အခြားဆာလံတွင်၊`ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကိုသင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်'ဟုပါရှိ၏။-
38-39. ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-