21. ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
22. ထိုသူတို့က ``ဤအသံသည်လူ၏အသံ မဟုတ်။ ဘုရားသခင်၏အသံဖြစ်၏'' ဟု ကြွေးကြော်ကြ၏။-
23. ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။