တမန်တော်ဝတ္ထု 11:22-25 Common Language Bible (BCL)

22. ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-

23. သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-

24. ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။

25. ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။-

တမန်တော်ဝတ္ထု 11