12. အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။မျှော်လင့်ချက်ရှိကြပေပြီ။ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသောကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
13. ငါသည်ယုဒပြည်ကိုစစ်သူရဲ၏လေးအဖြစ် နှင့်လည်းကောင်း၊ဣသရေလပြည်ကိုမြားများအဖြစ် နှင့်လည်းကောင်း အသုံးပြုမည်။ဂရိတ်ပြည်ကိုတိုက်ခိုက်ရန်ငါသည်ဇိအုန် မြို့သားတို့အား ဋ္ဌားအဖြစ်အသုံးပြုမည်'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။