ဇာ​ခ​ရိ 7:1-2-3 Common Language Bible (BCL)

1. ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​စ​တုတ္ထ​နှစ် ခိ​သ​လု​နာ​မည်​တွင်​သော န​ဝ​မ​လ၊ လေး ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။

2-3. ဗေ​သ​လ​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ကြ​ရန် လည်း​ကောင်း``အ​ကျွန်ုပ်​တို့​သည်​ဗိ​မာန်​တော် ပြို​ပျက်​မှု​အ​တွက် နှစ်​ပေါင်း​များ​စွာ​ပြု​လုပ် ခဲ့​ကြ​သည့်​နည်း​တူ အ​စာ​ရှောင်​ခြင်း​အား ဖြင့်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ရ​ကြ​ပါ​မည်​လော'' ဟု​မေး​လျှောက် ကြ​ရန်​လည်း​ကောင်း၊ ရှ​ရေ​ဇာ​နှင့်​ရေ​ဂင်္မေ လက်​နှင့်​သူ​တို့​၏​လူ​တို့​အား အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ ယဇ် ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​ထံ​သို့ စေ​လွှတ်​လိုက်​ကြ​၏။

10. မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။

11. ``သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​သည်​ဂ​ရု မ​စိုက်​ဘဲ​ခေါင်း​မာ​လျက် ငါ့​စ​ကား​ကို​နား မ​ထောင်​ကြ။ သူ​တို့​သည်​နား​ကို​ပိတ်​ထား ကြ​၏။-

12. စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။-

13. ငါ​၏​မိန့်​တော်​မူ​ချက်​ကို​သူ​တို့​သည်​နား မ​ထောင်​သော​ကြောင့် သူ​တို့​၏​ဆု​တောင်း​သံ ကို​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မ​မူ။-

14. မုန်​တိုင်း​သ​ဖွယ်​တိုက်​ခတ်​ကာ​နိုင်​ငံ​ရပ် ခြား​များ​သို့​လွင့်​စင်​သွား​စေ​၏။ ဤ​သာ ယာ​သော​ပြည်​သည်​လည်း​နေ​ထိုင်​သူ​မ ရှိ​ဘဲ​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ကျန် ရစ်​ခဲ့​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

ဇာ​ခ​ရိ 7