16. ငါသည်မိမိ၏သိုးစုအတွက်သိုးထိန်းတစ် ဦးကိုခန့်ထားခဲ့သော်လည်း သူသည်သေဘေး တွေ့သည့်သိုးများကိုမကူညီ။ ပျောက်သည့် သိုးများကိုမရှာဖွေ။ အနာရသည့်သိုးများ ကိုမကုသ။ မသေဘဲကျန်ရှိနေသောသိုး များကိုလည်းမကျွေးမွေး။ ယင်းသို့ပြုမည့် အစားသူသည်အဆူဖြိုးဆုံးသောသိုးတို့ ၏အသားကိုစား၏။ သူတို့၏ခွာများကို လည်းချွတ်ပစ်၏။-
17. တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။