15. ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
16. ထာဝရဘုရားသည်ဖြောင့်မှန်စွာတရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
17. ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့်သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
18. ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကိုအစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။