ဆာ​လံ 7:1-3-4 Common Language Bible (BCL)

1. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

2. ကယ်​ဆယ်​တော်​မ​မူ​ပါ​လျှင်​သူ​တို့​သည်​ခြင်္သေ့​ကဲ့​သို့ကျွန်​တော်​မျိုး​အား​ကယ်​မည့်​သူ​မ​ရှိ​သည့်​အ​ရပ်​သို့​ဆွဲ​ယူ​ကာ​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​ပါ​လိမ့်​မည်။

3-4. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​တစ်​စုံ​တစ်​ယောက်​ကို​ပြစ်​မှား​မိ​ခဲ့​လျှင်​သော်​လည်း​ကောင်း၊မိတ်​ဆွေ​ကို​သစ္စာ​ဖောက်​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ရန်​သူ​ကို​အ​ကြောင်း​မဲ့​အ​ကျိုး​နည်း​စေ​ခဲ့​လျှင်​သော်​လည်း​ကောင်း

10. ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင်​သူ​တို့​အား​ကယ်​တော်​မူ​၏။

11. ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၍သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ်​ချ​မှတ်​တော်​မူ​၏။

12. အ​ကယ်​၍​လူ​တို့​သည်​နောင်​တ​မ​ရ​ကြ​ပါ​မူဘု​ရား​သ​ခင်​သည်​ဋ္ဌား​တော်​ကို​သွေး​တော်​မူ​၍ လေး​တော်​ကို​အ​ဆင်​သင့်​တင်​တော်​မူ​လိမ့်​မည်။

13. သေ​စေ​တတ်​သော​လက်​နက်​များ​ကို​ကိုင်​ဆောင်​တော်​မူ​၍မီး​လျှံ​ထ​သည့်​မြား​တော်​ကို​ချိန်​ရွယ်​တော်​မူ​၏။

14. သူ​ယုတ်​မာ​တို့​သည်​မ​ကောင်း​မှု​ပြု​ရန်​အ​ဘယ်​သို့​စဉ်း​စား​ကြံ​စည်​သည်​ကို​ကြည့်​လော့။

15. သို့​ရာ​တွင်​သူ​တို့​သည်​မြေ​တွင်း​ကို​နက်​စွာ​တူး​၍မိ​မိ​တို့​တူး​သည့်​တွင်း​များ​ထဲ​သို့​ပင်​ကျ​ကြ​၏။

16. သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​မ​ကောင်း​မှု​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​၏။မိ​မိ​တို့​ပြု​သည့်​အ​ကြမ်း​ဖက်​မှု​ကြောင့်​ဒဏ်​ရာ​ရ​ကြ​၏။

17. ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​တော်​မူ​သည့်​အ​တွက်ငါ​သည်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ဖြစ်​တော်​မူ​သောထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ပါ​မည်။

ဆာ​လံ 7